Myanmar Kidney Foundation

Retro Half Pill

မြန်မာ

မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း (Myanmar Kidney Foundation) ကို 2015 2016 မှစတင်ပြီးဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ကို၂၁.၈.၂၀၁၇မှာအသင်းအဖွဲ့မှတ်ပုံတင်အမှတ် ၁/ပြည်တွင်း/၀၄၉၆ဖြင့်ခွင့်ပြုမိန့်ချပေးခဲ့သည်။

  • မြန်မာနိုင်ငံအတွင်း ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုနှုန်းကို ပညာပေးခြင်းဖြင့်ကာကွယ်လျော့ချရန်
  • ကျောက်ကပ်ရောဂါ ခံစားနေရသော ဝေဒနာရှင်များအား စရိတ်သက်သာ၍ အရည်အသွေး ပြည့်ဝသောကျောက်ကပ်သွေးသန့်စင်ရန် အမြတ်မယူ စရိတ်သာယူသည့်ကျောက်ကပ် သွေးသန့်စင်ဋ္ဌာနများ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဖွင့်လှစ်ရန်နှင့်အလားတူဆောင်ရွက် နေကြသော လူမှုအဖွဲ့အစည်းများအား နည်းပညာနှင့် စက်မှုကျွမ်းကျင်မှုတို့ ကို အကူညီပေးရန်
  • ကျောက်ကပ် အစားထိုးလူနာအတွက် မိမိကျောက်ကပ်ကို လှူဒါန်းထားသော ပုဂ္ဂိုလ်များ၏ အနာဂါတ် ကျန်းမာရေးအားစောင့်ရှောက်ရန်၊
  • ကျောက်ကပ်ဆေးပညာ ခေတ်နှင့် အညီတိုးတတ်ရေး ပြည်တွင်းပြည်ပဆေးပညာ၊ အသိပညာအတတ်ပညာရှင်များ၊ ပညာရပ်ပိုင်းဆိုင်ရာနှီးနှောဖလှယ်ကြရန်ရည်ရွယ်ချက် များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြပါသည်။ မြန်မာကျောက်ကပ်ဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီထားသော ကျောက်ကပ်သွေးသန့်စင်စက်၊ နည်းပညာ၊ အတတ်ပညာများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် အမြတ်မယူ ကျောက်ကပ်သွေးသန့်စင်ဋ္ဌာနများကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

MKF သည် ငယ်ရွယ်သော dialysis လူနာများအား ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ရည်မှန်းချက်များအားမရပ်တန့်စေရပဲ ပညာရေးနှင့် အလုပ်အကိုင်များ ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းပါသည်။ သက်ကြီးလူနာများဖြစ်စေကာမူ ပြည့်ဝသောမိသားစုဘဝရရှိနိုင်ရန်လဲ အားပေးလျက်ရှိပါသည်။ ထို့အပြင် နိုင်ငံတစ်ဝှမ်းတွင် အကျိုးအမြတ်မယူသော သွေးစစ်ဆေးခြင်းစင်တာများ (NPDCs) ကိုလည်း ဆက်လက်၍ တည်ထောင်သွားမှာဖြစ်ပါသည်။

Our Centers

  • သံဃဘေသဇ္ဇဋ္ဌာန ဝိဟာရသံဃဆေးရုံကျောက်ကပ်သွေးသန့်စင်ဌာန(ပျဉ်းမနားမြို့)
  • သုခကျောက်ကပ် သွေးသန့်စင်ဌာန (နာရေး ကူညီမှုအသင်း၊ ရန်ကုန်)
  • ဇီဝိတဒါန သံဃာ့ဆေးရုံကြီး(ရန်ကုန်) ကျောက်ကပ် သွေးသန့်စင်ဋ္ဌာန၊
  • ကျောက်ကပ်သွေးသန့်စင်ဌာန၊ ဘာသာမရွေးနာရေးကူညီမှုအသင်း (လားရှိုးမြို့)
  • ဆန္ဒတော်ပြည့် အာယုပါလ ကျောက်ကပ်သွေး သန့်စင်ဌာန (မြင်းခြံမြို့)
  • ဗိမာန်ရှင်လူမှုရေးနှင့် နာရေးကူညီမှုအသင်းကျောက်ကပ်သွေးသန့်စင်ဌာန (ပဲခူးမြို့)
  • မေတ္တာရိပ်ကျောက်ကပ်သွေးသန့်စင်ဌာန (ပုသိမ်မြို့)
  • ရှင်သန်ခြင်း ဇီဝိတ ပရဟိတ ကျောက်ကပ်သွေးသန့်စင်ဌာန (ကျောက်ပန်တောင်းမြို့)
  • မြန်မာကျောက်ကပ်ဖေါင်ဒေးရှင်း(မော်လမြိုင်) ကျောက်ကပ်သွေးသန့်စင်ဌာန
  • ရွှေဂရုဏာဖေါင်ဒေးရှင်း၊ကျောက်ကပ်သွေးသန့်စင်ဋ္ဌာန(စစ်တွေ)

စသည့် ကျောက်ကပ် သွေးသန့်စင်ဌာနများတို့ကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ကျောက်ကပ်ဝေဒနာရှင် လူငယ်လူရွယ်များ ကျောင်းပညာဆက်လက်ဆည်းပူးနိုင်ခြင်း၊ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း၊ မိဘဖိုးဖွားအရွယ်သက်လတ်သက်ကြီးပိုင်းဝေဒနာရှင်များသည်လဲမိမိတို့၏သားသမီးမြေး မြစ် တို့နှင့်အတူမိသားစုတာဝန်များအားတဖက်တလမ်းမှကူညီစောင့်ရှောက်မှုများပေးနိုင်ခဲ့ပါသည်။ ဆက်လက်ပြီးမြန်မာနိုင်ငံတဝှမ်းအမြတ်မယူအမှန်ကုန်ကျစရိတ်သာယူသည့်ကျောက်ကပ်သွေးသန့် စင်ဌာနများထပ်မံဖွင့်လှစ်ပေးနိုင်ပါရန်ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။

ကျောက်ကပ်သွေးသန့်စင်ဖို့ဝိုင်းဝန်းကူညီကြိုးပမ်းစို့

Healthy Kidneys Illustration

ကျောက်ကပ်ဝေဒနာမဖြစ်ရန် လိုက်နာရမည့် အချက်များ

  • ကျန်းမာရေးနှင့် ကိုက်ညီသော ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းထားခြင်း
  • ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ခြင်း
  • လုံလောက်စွာ အနားယူအိပ်စက်ခြင်း
  • ဆရာဝန်ညွှန်ကြားမှု မရှိသော ဆေးများကို မိမိသဘောဖြင့် သောက်သုံးခြင်းမှ ရှောင်ကြဉ်ရန်


ဆက်သွယ်ရန်လိပ်စာ

115/2, Myittar Street, Block 14/1, Myinthar, South Okkalapa Township, Yangon 11091, Myanmar

စုံစမ်းလိုပါက

09798425915

09760107678

09751386606

09448964875

တိုက်ရိုက်လှူဒါန်းလိုပါက

မြန်မာ ကျောက်ကပ်ဖောင်ဒေးရှင်းသို့ ဖော်ပြပါဘဏ်စာရင်းများထဲသို့ တိုက်ရိုက်လှူဒါန်းနိုင်ပါသည်

မြန်မာကျပ်ငွေဖြင့်

မြန်မာ့စီးပွားရေးဘဏ် (သင်္ဃန်းကျွန်း)

မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း

စာရင်းအမှတ် SF013262

CB Bank

Myanmar Kidney Foundation

Account No. 0019600300000795

KBZ Ltd (YGN-82)

Myanmar Kidney Foundation

Account No. 24630424600274301

AYA Bank

Myanmar Kidney Foundation

Account No. 20012997195

In Foreign Currency (USD)

Myanmar Investment & Commercial Bank

Myanmar Kidney Foundation

Account NO.FNM240001 (S$) FDM140027 (USD